ရန်ကုန် ၁၀ သြဂုတ်
ကျောင်းသား၊ ကျောင်းသူများ ကြံ့ခိုင်ပျော်ရွှင်စေရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်မှုရှိစေရေးတို့အတွက် ရည်ရွယ်၍ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်- ရန်ကုန်၊ ပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲ(၂၀၁၉) ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက သထုံလမ်း တက္ကသိုလ်များဘောလုံးကွင်း၌ ကျင်းပရာ အနိုင်ရဗိုလ်စွဲသွားသော စတုတ္ထနှစ်ဘီဒီအက်စ် အမျိုးသားအသင်း၊ အကောင်းဆုံးကစားသမားဆုနှင့် နေရာအလိုက်အကောင်းဆုံးဆု ရရှိသူများအား ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာရွှေတိုးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်လူမော်


