နေပြည်တော် ၉ သြဂုတ်


နှစ်နိုင်ငံပညာရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ရပ်အဖြစ် ကိုရီးယားနိုင်ငံ Chosun University, Department of Oral and Maxillofacial Surgery မှ ပါမောက္ခ Seong Yong Moon ဦးဆောင်သောအဖွဲ့နှင့် သွားဘက်ဆိုင်ရာတက္ကသိုလ် (ရန်ကုန်) မေးရိုးနှင့် ခံတွင်းခွဲစိတ်ကုပညာဌာနရှိ ဆရာ၊ ဆရာမများပူးပေါင်း၍ သြဂုတ် ၆ ရက်မှ ၉ ရက်အထိ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲလူနာ ၂၄ ဦးတို့ကို အခမဲ့ခွဲစိတ် ကုသပေးခဲ့သည်။


ထို့အပြင် နှစ်နိုင်ငံပညာရှင်များ ပူးပေါင်း၍ မေးရိုးနှင့်ခံတွင်း ကင်ဆာဝေဒနာရှင် (၁)ဦးကိုလည်း မေးရိုးအစားထိုးကုသမှုပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မောင်မျိုး