ရန်ကုန် ၂   သြဂုတ် 


ကျောင်းသူ၊ ကျောင်းသားများ ဗဟုသုတရရှိစေရေး၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရေးတို့အတွက် ရည်ရွယ်၍ Personal and professional development(ppd) ဖြင့် စာပေဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)၊ ရွှေရတုခန်းမတွင် ကျင်းပသည်။


ဟောပြောပွဲတွင် စာရေးဆရာ ညီမင်းညို က "ရသနှလုံးသားရသကမ္ဘာ" ခေါင်းစဉ်၊ ဆရာမ ခင်သန္တာက "လူငယ်များနှင့်စကားစမြည်" ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။


(သတင်းစဉ်)