ရန်ကုန် ၆ ဖေဖော်ဝါရီ
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်) ဗုဒ္ဓဘာသာအသင်း မိသားစုမှကြီးမှူး၍ သတ္တမအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီခွဲတွင် အဆိုပါ တက္ကသိုလ် “လင်းရောင်ခြည်” ကွင်း၌ကျင်းပရာ ဘွဲ့ကြို/ဘွဲ့လွန် ကျောင်းသား/ ကျောင်းသူများ၊ အလုပ်သင်ဆရာဝန်များ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် အသင်းများအား ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သန့်ဇော်


