သာစည်   ဒီဇင်ဘာ   ၂၉

 

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်သင်းသင်းက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများက  လွတ်လပ်ရေးနေ့နှင့် လူငယ်တာဝန် ခေါင်းစဉ်ဖြင့် စာစီစာကုံးကို ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင် သာစည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ လေးဦး၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ  ကျောင်းသား ကျောင်းသူ ခုနစ်ဦး၊ ဘုရားငါးဆူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသူ နှစ်ဦးနှင့် သာစည်မြို့ အမှတ်(၂)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) မီးရထားမှ ကျောင်းသား ကျောင်းသူ ငါးဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကာ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား  လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လာရောက်ကြည့်ရှုအားပေးပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)