သာစည်၊ ၁၅ ဇွန်

 

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော  ကျေးလက်ကုန်ထုတ်လမ်းများ  အရည်အသွေးပြည့်မီရေး  တာဝန်ရှိသူများ  ဇွန် ၁၄ ရက် ညနေပိုင်းက  ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

အဆိုပါ   ကျေးလက်ကုန်ထုတ်လမ်းများကို   Modern  Treasure  Co;Ltd  မှ  တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး မဲတောကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း (/)မိုင် ဆောင်ရွက်နေမှုများနှင့်  အဆိုပါ ကုန်ထုတ်လမ်းပေါ်ရှိ ရေကျော်တစ်စင်းနှင့် Slab Culvert စင်း တည်ဆောက်နေမှု၊ အုတ်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း (/.) မိုင်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လိုအပ်သည်များကို ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

                                    

မြို့နယ်(ပြန်/ဆက်)