သာစည် ၃၁  မတ် 


     
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဝင် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန   ခရိုင်ဦးစီးမှူး ဦးစိုးသိန်း ခေါင်းဆောင်သော အဖွဲ့သည်  ယနေ့ နံနက် ၁၀ နာရီက   သာစည်မြို့နယ် ပြည်သူ့ဆေးရုံနှင့် Community Base Facility Quarantine  ဆောင်ရွက်ထားရှိမှုများကို  လိုက်လံကြည့်ရှုပြီး  မြို့နယ်မှ တာဝန်ရှိသူများနှင့်  ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

 

0795

 

ခရိုင်ကော်မတီဝင်နှင့် အဖွဲ့သည် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်နှင့် ကော်မတီဝင်များနှင့်အတူ   မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ် ပြုလုပ်သည်။ ထို့နောက်မြို့နယ် ပြည်သူ့ဆေးရုံတွင် သီးသန့်အဆောင်များ ပြင်ဆင်ထားရှိမှု၊ အမှတ်(၁)ရပ်ကွက် ကြာကန်ရိပ်သာ ကျောင်းတိုက်နှင့် ရွာကြီးကျေးရွာ ကျောင်းတိုက်တို့တွင်  ပြည်ပမှ ပြန်လာသူများအား စောင့်ကြည့်လျက်ရှိသော Community Base Facility Quarantine များကို  သွားရောက်ကြည့်ရှုပြီး ကျန်းမာရေး၊ လုံခြုံရေး စသည့်လုပ်ငန်းများနှင့် ပတ်သက်၍  တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။ 

 

၎င်းနောက် သာစည်ဘူတာရုံ၌   ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှုများအား  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။


  
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင် ၁၀၀၀၀  ကျော်နှင့် နှာခေါင်းစည်း ၅၀၀၀ ကျော်ဖြန့်ဝေပြီး အသိပညာပေး ဗီနိုင်းများစိုက်ထူခြင်း၊ အသံချဲ့စက်များဖြင့် ပညာပေး နှိုးဆော်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ လက်ဆေးရန်နေရာများ ဆောင်ရွက်ပေးခြင်း၊ ပြည်ပမှ ပြန်လာသူများအား Home Quarantine၊ Community Base Facility Quarantine များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

                   

ထွန်းထွန်း(သာစည်)