သာစည်၊ ၂၈ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ပြည်သူ့ဆေးရုံတွင်  ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီက မြို့နယ် ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။

 

သာစည်မြို့နယ်တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည့် ကျန်းမာရေးဝန်ထမ်း ၂၂၅ ဦး ရှိကြောင်း သိရပြီး မြို့နယ်ကုသရေးဦးစီးဌာနမှ ဝန်ထမ်း ၈၈ ဦး၊ ပြည်သူ့ကျန်းမာဦးစီးဌာနမှ ဝန်ထမ်း  ၁၃၄ ဦးနှင့် တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်း သုံးဦးတို့ဖြစ်ကြောင်း သိရသည်။

 

ထွန်းထွန်း(ပြန်/ဆက်)

 

mdn