သာစည် ဖေဖော်ဝါရီ ၁၉

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် ဆော်ဩခြင်းများ လှည့်လည် ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာ နေအိမ်တိုင်းတွင် မီးချိတ်မီးကပ်၊ သဲ၊ လှေကား၊ ရေနှင့် မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိရန်၊ မီးဖိုမီးကိုအန္တရာယ် ကင်းရှင်းစွာဖြင့် သတ်မှတ်ချိန်အတွင်း စနစ်တကျ အသုံးပြုရန်နှင့် မီးကြွင်းမီးကျန်များကို သေချာစွာငြှိမ်းသတ်ရန်၊ လျှပ်စစ်ပစ္စည်းများ၊ ဂတ်စ်မီးဖိုများနှင့် မီးဘေးအန္တရယ်စိုးရိမ်ရသော လုပ်ငန်းများနှင့် ပတ်သက်၍ မီးဘေးလုံခြုံရေးဆိုင်ရာအချက်များကို လိုက်နာဆောင်ရွက်ကြရန်တို့ကို လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းကျော်နှင့်တပ်ဖွဲ့ဝင်များက လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)