သာစည်  ၁၉  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင်  အသက်   ၉  နှစ် မှ   ၁၀  နှစ်ထိ မိန်းကလေးတိုင်းကို အောက်တိုဘာ ၂၀ ရက်မှစတင်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ စုရပ်များတွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း အောက်တိုဘာ   ၁၉  ရက်နံနက် ၁၀ နာရီက   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌   ပြုလုပ်သော အိတ်ချ်ပီဗွီ စတင်ထိုးနှံခြင်းလုပ်ငန်း မြို့နယ်အဆင့် အသိပေး ဆွေးနွေးပွဲမှ သိရသည်။

 

ဆွေးနွေးပွဲတွင်   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်က  အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထူးက   ကမ္ဘာတစ်ဝှမ်း   သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှု အခြေအနေများနှင့် မြို့နယ်အတွင်း ကာကွယ်ဆေး ထိုးနှံပေး သွားမည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

 

သာစည်မြို့နယ်တွင် အိတ်ချ်ပီဗွီ (သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး) ထိုးနှံပေးမည့်   လူဦးရေ  ၂၂၉၅  ဦးရှိကြောင်း  သိရသည်။

 

အဆိုပါ အသိပေးဆွေးနွေးပွဲသို့  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊  အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊  မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

 

ထွန်းထွန်း(ပြန်/ဆက်)