သာစည် စက်တင်ဘာ ၂၈

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲကို စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

 

ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က  ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ဆိုင်ရာ သက်ကြီးဘိုးဘွားများထံ ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ငွေပေးအပ်ရာတွင် ဒုတိယသုံးလပတ် ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလ တို့အတွက်  တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ဖြင့် ၁၂၁၅ ဦးအတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)