သာစည်  ဇွန်  ၁၇

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ အောင်ချက် ရာခိုင်နှုန်း ၅၁ ဒသမ ၃၁ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၇၉၃ ဦးရှိရာ အောင်မြင်သူ ၉၂၀  ဦးရှိပြီး ငါးဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၇ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၄၆ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၃၁၀ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၅၃၁ ဦးရှိကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းကို သာစည်မြို့နယ်ရှိ စာစစ်ဌာန ငါးခုနှင့် မြို့နယ် ပညာရေးမှူးရုံးတို့၌ ထုတ်ပြန်ထားကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)