သာစည် ၉  ဒီဇင်ဘာ

 

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ’ ရရှိစေရန်    ရည်ရွယ်၍      မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ်    ရောက်ရိုးကျေးရွာ   ကွင်းအမှတ် ၁၇၂၈ရှိ  တောင်သူ(၁၄)ဦး၏ GAP နေကြာစံပြကွက် ဧက ၅၀ အား ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈နာရီခွဲ အချိန်က အဆိုပါ နေကြာစံပြကွက်အနီး၌ ကျင်းပ ပြုလုပ်သည်။

 

08

 

ရှေးဦးစွာ  မြို့နယ်အုပ်ချုပ်ရေးမှူး    ဦးဇော်လင်းမောင် ၊မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်စန္ဒာထွန်းတို့က အဖွင့်အမှာစကား ပြောကြားကြသည်။ ထို့နောက် မိတ္ထီလာခရိုင် မြေအသုံးချမှု တာဝန်ခံ  ဒေါ်မိမိလှိုင်က စစ်ဆေးထားသော   မြေများ၏   အဖြေများအား တက် ရောက် လာသော တောင်သူများကို ရှင်းလင်းပြောကြားခဲ့ပြီး၊  သာစည်မြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနမှူး  ဒေါ်မိုးမိုးငွေက GAP လုပ်ဆောင်ရခြင်းနှင့် ပတ်သက်သော အကျိုးကျေးဇူးများကိုလည်းကောင်း၊ မိတ္ထီလာခရိုင် သီးနှံ ကာကွယ်ရေးတာဝန်ခံ ဒေါ်အေးအေးမြင့်က သီးနှံကာကွယ်ရေး လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။

 

အဆိုပါ GAP   နေကြာစံပြကွက်များ စိုက်ပျိုးခြင်းသည် တောင်သူများအနေဖြင် ထုတ်လုပ်သည့်  သီးနှံများ   ဘေးအန္တရာယ် ကင်းရှင်းစေခြင်း ၊ ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေခြင်း စသောအကျိုး ကျေးဇူးများ ဖြစ်ထွန်းစေပြီး ယင်းသီးနှံကွင်းသရုပ်ပြပွဲတွင် ရေဆင်းစပ်မျိုး (၁) နေကြာ အမျိုးအစား ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ  သိရှိရသည်။

 

ခန့်စစ်အောင်၊ပြန်/ဆက်