သာစည်နှင့် ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် ဒီဇင်ဘာ ၅ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင် ဘာ ၄ ရက် နံနက် ၁၁ နာရီတွင် သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ လှိုင်းတက် ကျေးရွာ အနီး၊ တောင်ကြီး-သာစည်သွားကားလမ်းတွင် မော်တော်ဆိုင်ကယ်နှင့်အတူ မသင်္ကာဖွယ် တွေ့ရှိသူ ရဲကျော်သူနှင့် ဇနီးဖြစ်သူ မနှင်းသက်မိုးတို့ ၂ ဦးကို စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၄,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ မွန်းလွဲ ၁၂ ခွဲတွင် သာစည် မြို့နယ်၊ ကျွဲတပ် ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာရှိ ၎င်းတို့၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၅၃၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ပင်းတောက်ကျေးရွာ အုပ်စု၊ တင်ထပ်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ လီဘအား စစ်ဆေး ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီခွဲတွင် ကျိုင်းတုံမြို့နယ်၊ ပင်းတောက်ကျေးရွာအုပ်စု၊ တင်ထပ်ကျေးရွာရှိ လီတိ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ  စိတ်ကြွ ရူးသွပ်ဆေးပြား ၃၉၀၀ နှင့် ဘိန်းစိမ်း ၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား