နေပြည်တော် ၊ ၂၉ ဇန်နဝါရီ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၇ ရက် ည ၁၁ နာရီတွင် သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီး၊ ရန်ကုန်-မန္တလေးသွားကားလမ်း(ဟောင်း)၊ မိုင်တိုင်အမှတ် (၃၁၉/၃)တွင် ထွန်းအောင်ကျော် မောင်းနှင်ပြီး ခန့်ချောနှင့် စည်သူထွန်း တို့ လိုက်ပါလာသည့် ခရီးသည်တင် မှန်လုံမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ Ammonium Nitrate ၂,၆၂၅ ကီလို သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ဇန်နဝါရီ ၂၈ ရက် နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်း-မန်ဝိန်းကြီးသွားကားလမ်း၊ ကွန်လုံကျေးရွာအုပ်စု၊ ကွန်လုံကျေးရွာ၊ ရွှေလီတံတားအနီးတွင် ဂွန်းဆန့် မောင်းနှင်ပြီး တူးအောင်(ခ)မရမ်တူးအောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၂,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)