ကသာ ၂၈ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ကသာမြို့နယ်၊သာဂရကျေးရွာတွင်အောက်တိုဘာ ၂၈ ရက် နေ့က သောက်သုံးရေရရှိရေး မြစ်ရေတင်စီမံကိန်းဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးရာတွင် ခရိုင်ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်မြင့်သန်းနှင့် တာဝန်ရှိသူတို့က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ခွင့်ပြု ရန်ပုံငွေကျပ် (၁၃ဒသမ၂)သန်းဖြင့် Myat Theingi ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သည့် ဂါလန် (၅၀ဝဝ)ဆံ့ ရေစုကန်၊ ပေ(၃၀ဝဝ)ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများနှင့် ကျေးရွာနေပြည်သူများ ရေသုံးစွဲနေခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ရေတင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ယခုအခါအိမ်ခြေ(၅၈)အိမ်၊လူဦးရေ (၄၁၆)အိမ်တို့အတွက် ရာသီမရွေးသောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ပြီဖြစ်ကြောင်းခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။
မျိုးဝင်းညို(ကျွန်းလှ)


