ရန်ကုန် ၂၈ ဒီဇင်ဘာ
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်(၉)ရပ်ကွက် (သာကေတမြို့နယ် အဆုံးဒဂုံတောင်ပိုင်းအစပ်) သစ်တောလမ်းနှင့် MEP ဓာတ်အားပေးစက်ရုံဝန်း ခြံစည်းရိုး အပြင်ဘက်ရှိ စည်ပင်သာယာ နယ်နိမိတ်ပိုင်မြေအတွင်း ကျူးကျော်ဆောက်လုပ်ထားသည့် တဲအိမ်ငယ်များကို ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီမှ စတင်ကာ သာကေတမြို့နယ် စည်ပင်သာယာကော်မတီက ဖယ်ရှားခဲ့သည်။
သာကေတမြို့နယ် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးမောင်မောင်သန်း၊ အဖွဲ့ဝင်သစ် ဦးသူရဇော်၊ လက်ထောက်အုပ်ချူပ်ရေးမှူး ဦးသိန်းကြွယ်ဌေး၊ လက်ထောက်အုပ်ချူပ်ရေးမှူး ဦးမြင့်သန်းဦး ဆောင်သည့်အဖွဲ့သည် (၉)ရပ်ကွက် အုပ်ချူပ်ရေးမှူး ဦးလှကြည်အဖွဲ့နှင့်ပူးပေါင်းကာ ကျူးကျော် တဲငယ်အိမ် ၁၄ လုံးကို ဖယ်ရှားခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)