သာကေတ အောက်တိုဘာ   ၁၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို အောက်တိုဘာ ၁၇ ရက်က အထက-၁ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ စတင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်မည့်စုရပ်အဖြစ် ထက-၁၊ အထက-၂ အခြေခံပညာအထက်တန်းကျောင်းများ၌ သတ်မှတ်ထားကာ ယနေ့နံနက်၌ အထက-၁ အခြေခံပညာ အထက်တန်းကျောင်းတွင် အသက် ၁၂ နှစ်နှင့်အထက် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ဦးရေ ၂၀၀ ၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀၀ စုစုပေါင်း ၄၀၀ ကို မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ ဆရာမများ၊ မြို့နယ်ကြက်ခြေနီအသင်း၊ ပရဟိတလူမှုကူညီရေး အသင်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

သာကေတမြို့နယ်၌ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်း ၁၃ ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း ခုနစ်ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်း လေးကျောင်းတို့ရှိ
အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)