ရန်ကုန် နိုဝင်ဘာ ၁၃

 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်တွင် Air-con safeguard အပူ လွန်ကဲရာမှ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယနေ့ နံနက် ၈ နာရီကျော်ခန့်က သာကေတမြို့နယ်၊ (၃) ရပ်ကွက်၊ မာန်ပြေ (၁၄) လမ်းတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သာကေတမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ခုနစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ (၄၈) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ (၁၅) ဦးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၂၉ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် နှစ်ထပ်အဆောက်အအုံတစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်အောက်ထပ် အိမ်ခန်းအတွင်း တပ်ဆင်ထားသော Air-con ဆေ့(ဖ်)ဂတ် (safeguard) အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

 

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)

ဓာတ်ပုံ- သာကေတမီးသတ်