သာကေတ ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်ရှိပြည်သူများမှအခြေခံစားသောက် ကုန်ပစ္စည်းများ အားစျေးနှုန်းသက်သာစွာဖြင့် လွယ်ကူစွာဝယ်ယူနိုင်ရန်ရည်ရွယ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအစီအစဥ်ဖြင့်ယနေ့နံနက် ၆ နာရီမှနံနက် ၈ နာရီအထိအမှတ်(၅)ရပ်ကွက်၊မြင်တော်သာလမ်းရှိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအရှေ့လမ်းသွယ်၌ စားသုံးဆီ၊ကြက်သား၊ ဝက်သား၊ ငါးအမျိုးမျိုးအားရောင်းချပေးခဲ့ကြောင်း သိရသည်။

 အဆိုပါအခြေခံစားသောက်ကုန်ပစ္စည်းများအားစျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးနိုင် ရေးအတွက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့လမ်းညွန်မှုအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့်အဖွဲ့ဝင်များစီစဥ်ကြီးကြပ်မှုဖြင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးရုံးမှဝန်ထမ်းများစုပေါင်း၍ စားအုန်းဆီ(၁)ပိဿာ(၅၀၀၀)ကျပ်ဈေးနှုန်းဖြင့်(၁၂၀)ပိဿာအားလည်းကောင်း၊ ငါးအမျိုးမျိုး(၁၅)ပိဿာအားလည်းကောင်း ဝက်သား(၁)ပိဿာ (၁၅၀၀၀)ကျပ်ဈေးနှုန်းဖြင့်(၉ )ပိဿာအားလည်းကောင်း၊ ကြက်သား( ၁)ပိဿာ (၈၀၀၀) ကျပ်ဈေးနှုန်းဖြင့်(၄)ပိဿာအားလည်းကောင်း အသီးသီးရောင်းချပေးခဲ့ရာ ဝန်ထမ်းများနှင့် ပြည်သူများမှ အေးချမ်းပျော်ရွှင်ဘေးကင်းစွာ ဝယ်ယူအားပေးခဲ့ ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)