ကသာ အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အောက်တိုဘာလ(၁၄)ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ဝိုင်းဝန်းဆောင်ရွက်ပေးနေသော ကျန်းမာရေးဌာနမှ ဝန်ထမ်းများအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ဝိုင်းဝန်းဆောင်ရွက်ပေးနေသော ကျန်းမာရေးဌာနမှ ဝန်ထမ်းများကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျန်းမာရေး ဌာနမှ ခရိုင်ဆရာဝန်ကြီးနှင့် ဝန်ထမ်းများအား ဆန်၊ ဆီ၊ ကုလားပဲနှင့် ကြက်ဥများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)