မြင်းခြံ   ၂၉ ဇန်နဝါရီ


မန္တလေးတိုင်းဒေသကြီး  မြင်းခြံမြို့နယ်  ခေါင်းကွဲကျေးရွာ  အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးမှ သွားနှင့်ခံတွင်းကျန်းမာရေးစစ် ဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။ 


သွားနှင့်ခံတွင်းကျန်းမာရေးမှ ဒေါက်တာ ဉာဏ်လင်းထက်နှင့် အဖွဲ့သည် ခေါင်းကွဲကျေးရွာအခြေ ခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် KG တန်း၊ ပထမတန်း၊ ဒုတိယတန်း၊  စတုတ္ထတန်း ကျောင်းသား/ ကျောင်းသူများကို သွားပိုးစားခြင်း၊ ခံတွင်းရောဂါများကိုစစ်ဆေးကုသပေးခဲ့ကြပြီး၊ ကျောင်းသား/ကျောင်းသူ  ၆၄  ဦးအား သွားနှင့် ခံတွင်းကျန်းမာရေးအတွက် ဆောင်ရန်/ရှောင်ရန်များ ၊ ကျန်းမာရေးအသိပညာများကို ဟောပြောခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါ သွားနှင့်ခံတွင်း ကျန်းမာစစ်ဆေးကုသပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ကျောင်းအုပ်ကြီးဦးအောင်သန်းနှင့်ဆရာ/ဆရာမများ ၊ ကျောင်းသား/ကျောင်းသူများနှင့် ၎င်းတို့၏မိဘများ တက် ရောက်ခဲ့ကြသည် ။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးမှ မြင်းခြံမြို့ပေါ်ရှိ အစိုးရကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကိုလည်း သွားရောက်ကုသပေးခဲ့ကြကြောင်းနှင့် ကျေးရွာကျောင်းများပါကွင်းဆင်းကုသပေးခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ဦးဇော်မင်းနိုင်