နေပြည်တော် ၁၉ နိုဝင်ဘာ
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ရန်ကုန်၊ အလုပ်သင်ဆရာဝန်များ၏ ၂၀၁၉ ခုနှစ် သွားနှင့်ခံတွင်း ကျန်းမာရေး ပညာပေးပိုစတာ ပြပွဲ၊ ပြိုင်ပွဲများကို Colgate Palmolive Myanmar Co.,Ltd ၏ ပူးပေါင်းပါဝင်မှုဖြင့် အဆိုပါတက္ကသိုလ် “မျိုး” ခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။
ပြိုင်ပွဲ ပထမဆုရရှိသော အုပ်စု (၃)၊ ဒုတိယဆုရရှိသော အုပ်စု (၄)၊ နှစ်သိမ့်ဆုရရှိသော အုပ်စု (၆)နှင့် အုပ်စု(၁)တို့အား ပါမောက္ခချုပ်က ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


