ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ရှမ္မမြောင်ကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာတွင် ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ဧရာဝတီ လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် ECOEYE MYANMAR CO; ltd တို့ပူးပေါင်းစီစဉ်သည့် အဆင့်မြင့် မီးဖိုများ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် အဆင့်မြင့်မီးဖို သုံးစွဲနည်းအကြောင်း တာဝန်ခံမှ ရှင်းလင်းပြောကြားကာ အိမ်ရှင်မများကို စနစ်တကျ တပ်ဆင်စေပြီး မီးဖို (၁၂၅) လုံး ပေးအပ်ခဲ့ကြောင်း သိရသည်။
မီးဖိုတစ်လုံး၏ ကာလတန်ဖိုးမှာ (၄၅၀၀၀) ကျပ်ခန့်ရှိပြီး လောင်စာလျှော့ချမှု၊ မီးခိုးငွေ့လျှော့ချမှု၊ သဘာဝသစ်တော ကာကွယ်နိုင်မှုရန်၊ မီးဘေးကာကွယ်နိုင်ရန်၊ မီးဖိုချောင်စရိတ် လျှော့ချနိုင်ရန် ရည်ရွယ်၍ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သာပေါင်း(ပြန်/ဆက်)