သာပေါင်း ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ထန်းဇင်လှကြို့ကုန်းကျေးရွာနှင့် အင်းကလေး ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုးမြေသားလမ်း ပေ ၅၇၀၀ ပေ ကိုယ့်အားကိုယ်ကိုး လမ်းဖွင့်ပွဲကို ဧပြီ ၉ ရက် နံနက်ပိုင်းက ဖွင့်ပွဲမုဒ်ဦးရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

 

ထန်းဇင်လှကြို့ကုန်းကျေးရွာနှင့် အင်းကလေးကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုး မြေသာလမ်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထိုကဲ့သို့ အလျား ပေ ၅၇၀၀၊ အကျယ် ၈ ပေနှင့် အမြင့် ၃ ပေရှိ ကိုယ်အားကိုယ်ကိုး ကျေးရွာချင်းဆက်လမ်းကို ပြည်သူများ စုပေါင်းထည့်ဝင်ငွေ ကျပ်(၁၁၃)သိန်းဖြင့် အကုန်အကျခံ ဖောက်လုပ်ခဲ့သည်။ အဆိုပါလမ်းဖောက်လုပ်ပြီးစီးပါက ရာသီမရွေး၊ နေ့ညအချိန်အခါမရွေး လျင်မြန်စိတ်ချစွာဖြင့် သွားလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတို့က လမ်းမြေအလှူရှင်များ၊ လမ်းဖောက်လုပ်ရေး စက်ယန္တရားကြီး အလှူရှင်၊ ငွေအလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)