သာပေါင်း မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၊ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စု၊ ထန်းဇင်လှကြို့ကုန်းကျေးရွာတွင် မေ ၂၀ ရက် နံနက် ၅နာရီခွဲခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဦးမင်းမင်ဦး၏ သွပ်မိုး၊ဝါးခင်း၊ဓနိကာ (၁၅'×၁၀'×၁၈') နေအိမ် ပြိုကျပျက်စီးခဲ့ရသည်။

အဆိုပါနေအိမ်မှ မိသားစုဝင် အမျိုးသား(၂)ဦး၊အမျိုးသမီး(၄) ပေါင်း(၆)ဦးတို့ကို အမျိုးတော်စပ်သူ ဦးဇော်လင်းထွန်း နေအိမ်သို့ ပြောင့်ရွှေ့နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိပြီး ၎င်းဖြစ်စဉ်၌ လူနှင့်တိရစ္ဆာန် အသက်အန္တရာယ်၊အခြားထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)