သာပေါင်း၊ ၁၇ ဒီဇင်ဘာ
သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးသိမ်းနှင့် ဝန်ထမ်းများသည် သရက်အုပ်ကျေးရွာနှင့် နံနံပင်ကုန်း ကျေးရွာရှိ ရေလုပ်သားများနှင့် ငဝန်မြစ်အတွင်း ပိုက်ချက်နေရာများတွင် တွေ့ဆုံကာ တရားမဝင်ငါးဖမ်းဆီးမှု မရှိစေရေး၊ သတ်မှတ်ငါးဖမ်းကိရိယာ၊ သတ်မှတ်ပိုက်ကွက်ဖြင့် ငါးဖမ်းဆီးရေး၊ ရေသယံဇာတ ငါးသယံဇာတ ထိန်းသိမ်းကာကွယ်ရေး၊ တိုင်းဒေသကြီးအစိုးရ၏ ရသင့်ရထိုက်သော အခွန်အခများရရှိရေး၊ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ထားသည့် ငါးများကြီးထွားမှုနှုန်းနှင့် ပြန်လည်ဖမ်းဆီးရရှိမှုနှုန်း အခြေအနေများအား ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ဝန်ထမ်းများ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
MDN


