သာပေါင်း စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၂၅၂)ကျောင်းရှိ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များအား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များက ဘုန်းတော်ကြီးကျောင်း(၂၅၂)ကျောင်းရှိ ဝါဆိုဝါကပ်တော်မူကြသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်(၈၇၈)ပါးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အလှူရှင်များစုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော်၊ဆီ၊ ဆား၊ ပဲများအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)