သာပေါင်း ဧပြီ ၄

 

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ဂွေးတောက်ကွင်း ရွာလယ်တံတားသစ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၄ ရက် နံနက်ပိုင်းက ကျင်းပသည်။

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် ဒည်ကုန်းကျေးရွာအုပ်စု ဂွေးတောက်ကွင်း ရွာလယ်တံတားသစ်ကို ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမင်းသိန်း၊ ပုသိမ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရည်မွန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆင်အကအဖွဲ့၊ အိုစည်အဖွဲ့နှင့် တိုင်းရင်းသားအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သိန်းမြင့်မျိုးဦး