သာပေါင်း မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ ကတတ်ရိုးကျေးရွာနှင့် မဏ္ဍိုင်ကျေးရွာတို့တွင် မိုးသက်လေပြင်းတိုက်ခတ်၍ အိမ်နှစ်လုံး ပြိုကျပြီး အိမ်ငါးလုံး အမိုးလန်ကျပျက်စီးခဲ့ရသော လေဘေးသင့်အိမ်ထောင်စုများအား မတ် ၂၃ ရက် ညနေ ၄ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန သာပေါင်းမြို့နယ်ရုံးမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများအား ကျေးလက်နေပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့သည်။
မိုးသက်လေပြင်း ဘေးသင့်အိမ်ထောင်စု ငါးစုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် တာဝန်ရှိသူများ၊ သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဦးတင်မောင်ထွန်းတို့က အိမ်ပြိုကျပျက်စီးခဲ့သော ဦးအောင်မင်း၏ အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်း တန်ဖိုး ငွေကျပ် တစ်သိန်း၊ လူဦးရေ ၁၂ ဦးအတွက် ဆန်ရိက္ခာ ခုနစ်ရက်စာ ရန်ပုံငွေ ကျပ် ၂၅၂၀၀၊ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ တစ်ပုံး၊ အိမ်ပြိုကျပျက်စီးခဲ့သော ဦးဝင်းထိုက်၏ အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် တစ်သိန်း၊ လူဦးရေ ခြောက်ဦးအတွက် ဆန်ရိက္ခာ ခုနစ်ရက်စာ ရန်ပုံငွေ ကျပ် ၁၂၆၀၀၊ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ တစ်ပုံး၊ အိမ်အမိုးလန် ပျက်စီးခဲ့သော ဦးကျော်ဇင်မင်း၏ အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ငါးသောင်း၊ လူဦးရေ ခုနစ်ဦးအတွက် ဆန်ရိက္ခာ ခုနစ်ရက်စာရန်ပုံငွေ ကျပ် ၁၄၇၀၀၊ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ တစ်ပုံး၊ အိမ်အမိုးလန်ပျက်စီးခဲ့သော ဦးလှဝင်း၏ အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ငါးသောင်း၊ လူဦးရေ နှစ်ဦးအတွက် ဆန်ရိက္ခာ ခုနစ်ရက်စာရန်ပုံငွေ ကျပ် ၄၂၀၀၊ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ တစ်ပုံး၊ အိမ်အမိုးလန်ပျက်စီးခဲ့သော ဦးဖိုးပါ၏ အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ငါးသောင်း၊ လူဦးရေ လေးဦးအတွက် ဆန်ရိက္ခာ ခုနစ်ရက်စာရန်ပုံငွေ ကျပ် ၈၄၀၀၊ အိမ်အမိုးလန်ပျက်စီးခဲ့သော ဦးဥက္ကာကျော်၏ အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ငါးသောင်း၊ လူဦးရေ သုံးဦးအတွက် ဆန်ရိက္ခာ ခုနစ်ရက်စာရန်ပုံငွေ ၆၃၀၀၊ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ တစ်ပုံး၊ အိမ်အမိုးလန်ပျက်စီးခဲ့သော ဦးကျော်မြင့်၏ အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ငါးသောင်း၊ လူဦးရေ ခြောက်ဦးအတွက် ဆန်ရိက္ခာ ခုနစ်ရက်စာ ရန်ပုံငွေ ကျပ် ၁၂၆၀၀၊ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ တစ်ပုံးတို့ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားပြောခဲ့ကြသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)


