သာပေါင်း ၂၉ ဇူလိုင်
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ခေနန်ကျေးရွာအုပ်စု၊ ခေနန်ကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ ကျားရဲကျေးရွာအုပ်စု၊ ကျားရဲကျေးရွာတို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သွားရောက် ထောက်ပံ့ပေးခဲ့သည်။
အဆိုပါနေရာတွင် ပြိုကျပျက်စီးနေအိမ် ၁ လုံး၊ အမိုးလန်ပျက်စီးနေအိမ် ၂ လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ၂၀ဝ၀ဝ၀ ကျပ်၊ လူဦးရေ ၁၆ ဦး အတွက် ဆန်ရိက္ခာ ၇ ရက်စာ ရန်ပုံငွေ ၃၃၆၀ဝ ကျပ်၊ စုစုပေါင်းရန်ပုံငွေ ၂၃၃၆၀ဝ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ ၁ အိမ်ထောင်စာ ၃၂၃၅၃ ကျပ်တို့ကို ဇူလိုင်လ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ခေနန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှဦးနှင့် စာရေးဦးဇော်ဦး၊ ကျားရဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြသည်။
မျိုးဇော်သိန်း


