သာပေါင်း ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့်၍ ကျောင်းဝန်းများအတွင်း ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း (၄)ကျောင်းအား ယနေ့ ဇူလိုင် ၂၅ ရက်က ထပ်မံယာယီပိတ်ထားခဲ့ရသည်။
ငဝန်မြစ်ရေကြီးမြင့်၍ ရေဝင်ရောက်မှုကြောင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကွင်းပေါက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခေနန်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေလဲကြီး၊ အခြေခံပညာအလယ်တန်းကျောင်း (ညောင်ကွင်းအလယ်စု)၊ အခြေခံပညာအလယ်တန်းကျောင်း (ကြာကန်)၊ အခြေခံပညာအလယ်တန်းကျောင်း (သရက်တော)၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဒည်ကုန်း)၊ အခြေခံပညာမူလတန်းလွန်ကျောင်း (သင်္ကန်းပင်ဆိပ်)၊ အခြေခံပညာမူလတန်းကျောင်း (တင်းကုတ်ကြီး)၊ အခြေခံပညာမူလတန်းကျောင်း (လက်ခုပ်ရွာသစ်)၊ အခြေခံပညာမူလတန်းကျောင်း (ရွှေလှေကွင်း)၊ အခြေခံပညာမူလတန်းကျောင်း (အင်းကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (သစ်ပုတ်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (ဘုရားကြီး)၊ အခြေခံပညာမူလတန်းကျောင်း (လိန်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (အငူကြီး)၊ အခြေခံပညာမူလတန်းကျောင်း (မယင်းချောင်)၊ အခြေခံပညာမူလတန်းကျောင်း (ဂွေးတောက်ကွင်း)၊ အခြေခံပညာမူလတန်းကျောင်း (ဆိပ်ကြီးပေါက်လွတ်)၊ အခြေခံပညာမူလတန်းကျောင်း (မာလကာကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) (ကတတ်ရိုး) ကျောင်းတို့ (ဇူလိုင် ၂၂ ရက်မှ ဇူလိုင် ၂၆ ရက်ထိ) ပိတ်ထားပေးရာ ဇူလိုင် ၂၃ ရက်တွင် အခြေခံပညာမူလတန်းကျောင်း (သစ်ဆိမ့်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (သရက်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (သာယာကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) (သောင်ရွာ) ကျောင်းတို့ ထပ်မံပိတ်ထားခဲ့ရကြောင်း၊ ဇူလိုင် ၂၄ ရက်တွင် အခြေခံပညာအထက်တန်းကျောင်း (ဘုရားကုန်း)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောင်ဘုံ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) လဟာဂမုံ၊ အခြေခံပညာမူလတန်းကျောင်း (လေးအိမ်တန်း)၊ အခြေခံပညာမူလတန်းကျောင်း (သုံးအိမ်စု)၊ အခြေခံပညာမူလတန်းကျောင်း (ကျွန်းပုလု)၊ အခြေခံပညာမူလတန်းကျောင်း (ဝဲကြီးဒေါင့်)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) (ညောင်ကုန်းလေး)၊ ယနေ့ ဇူလိုင် ၂၅ ရက်တွင် အခြေခံပညာမူလတန်းကျောင်း (ဂွတော)၊ အခြေခံပညာမူလတန်းကျောင်း (သံပရာချောင်)၊ အခြေခံပညာမူလတန်းကျောင်း (ဆည်ကြီး)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) (ငှက်စပ်ကျွန်း)တို့ ထပ်မံပိတ်ထားလိုက်ရကြောင်း သိရသည်။
အဆိုပါကျောင်းများအား ဩဂုတ်လ ပထမပတ်အထိ ယာယီပိတ်ထားပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ကျောင်းပိတ်ရက်များကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြန်လည်အစားထိုး သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်ထံမှ သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)


