သာပေါင်း ၁၇ မတ်
သာပေါင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ပြည်သူလူထုအခြေပြု တီဘီဝေဒနာရှင်များအား စေတနာ့ဝန်ထမ်း စောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါ တိုက်ဖျက်ရေးသင်တန်းကို သာပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ မတ် ၁၇ ရက် နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်တီဘီရောဂါတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဒေါ်အေးမြသူမှ တီဘီရောဂါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငြိမ်းငြိမ်းအေးမှ ပြည်သူလူထုအခြေပြု တီဘီဝေဒနာရှင်များအား စေတနာ့ဝန်ထမ်း စောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါတိုက်ဖျက်ရေးသင်တန်း ဖွင့်လှစ်ပို့ချပေးရခြင်း ရည်ရွယ်ချက်များနှင့် သင်ကြားပို့ချမည့် ဘာသာရပ်များ၊ သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငြိမ်းငြိမ်းအေးနှင့် မြို့နယ်တီဘီရောဂါတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဒေါ်အေးမြသူတို့က သင်ထောက်ကူပစ္စည်းများနှင့် လက်ကမ်းစာစောင်များအား ပေးအပ်ဖြန့်ဝေခဲ့ကြပြီး ဆန်းစစ်မေးခွန်းများ ဖြေဆိုခြင်းဖြင့် သင်တန်းစတင် သင်ကြားပို့ချသည်။
အဆိုပါသင်တန်းကို မတ် ၁၇ ရက်မှ ၁၈ ရက်အထိ (၂)ရက် သင်တန်းပို့ချပေးမည်ဖြစ်ပြီး ရပ်/ကျေး အမျိုးသမီးရေးရာအဖွဲ့ဝင် (၂၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)