နေပြည်တော်၊ ဧပြီ ၂၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အရာထမ်းများ လုပ်ငန်းကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်း များနှင့်အညီ ကျင်းပသည်။

 

သင်တန်းဆင်းပွဲ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းက သင်တန်းဆင်း အရာထမ်းများအနေဖြင့် ဝန်ကြီးဌာန၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များ၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့် ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို သင်ယူပြီးဖြစ်သည့်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများ၊ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို စီမံဆောင်ရွက်ရာတွင် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ သံဃာ့အဖွဲ့အစည်းများနှင့်ပတ်သက်၍ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာဥပဒေများ အပါအဝင် အခြားဥပဒေများကို လေ့လာကြရန်နှင့် အဂတိတရား ၄ ပါးကို သတိထားရှောင်ကြဉ်ကြရမည် ဖြစ်ကြောင်း။

 

တစ်ဦးချင်း၏ စွမ်းဆောင်ရည်ကောင်းမွန်မှသာလျှင် အဖွဲ့အစည်း စွမ်းဆောင်ရည်ကောင်းမွန်လာမည်ဖြစ် ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ ဝန်ထမ်းစည်း မျဉ်းစည်းကမ်းများ၊ ဝန်ထမ်း ကျင့်ဝတ်များနှင့်အညီ နေထိုင်ကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်နှင့်လူမျိုးအတွက် ယုံကြည်အားကိုးရသော အရာထမ်းကောင်းများ ဖြစ်အောင် ကြိုးစားအားထုတ်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးအေးထွန်း က သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ပြီး သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား အရာထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အဆိုပါသင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဧပြီ ၁၉ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)