သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဒုလ္လဘရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ ၂၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဒုလ္လဘရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ ရှင်လောင်းလှည့်လည်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

ဦးစွာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့‌ ရောက်ရှိကြပြီး စေတီတော်ကို လက်ယာရစ် လှည့်လည်ပူဇော်၍ စေတီတော်မြတ်ကြီး၏ လိုဏ်ဂူတော်အတွင်းရှိ ဂေါတမမြတ်စွာဘုရားရှင် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ရှိခိုးကန်တော့ကြကာ ရင်ပြင်တော်ရှိ အောင်မြေဌာန၌ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းပူဇော်ကြပြီး မေတ္တာပို့ အမျှဝေ ကြသည်။

ထို့နောက် ဒုလ္လဘရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများ၊ သီလရှင်လောင်းများနှင့် ဧည့်ပရိသတ်တို့သည် မဟာဝိဇိတာရုံ သာသနာ့ဝန်ဆောင်ကျောင်းတိုက် မဟာနာယက ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဒုလ္လဘရဟန်းလောင်း ၃၉ ပါးတို့အား မဟာဝိဇိတာရုံ သာသနာ့ဝန်ဆောင် ကျောင်းတိုက် မဟာနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရထံ သံဃာ့ကိစ္စများဖြစ်သည့် ဥပဇ္ဈာယ်ယူခြင်း၊ ရဟန်းလောင်းဆုံးမခြင်း၊ ဥပသမ္ပဒကမ္မဝါရွတ်ဖတ် ဥပသမ္ပဒကံ ဆောင်ခြင်းတို့ကို ဆောင်ရွက်ကြ၍ ရဟန်း၊ သာမဏေများအဖြစ်သို့ သာသနာ့အမွေ ခံယူကြသည်။

ယင်းနောက် သီလရှင်လောင်း ၃၆ ပါးတို့အား လယ်ဝေးမြို့ ပုဏ္ဏမီ ဂုဏ်ဝေသီလရှင် စာသင်တိုက် ဆရာကြီး ဒေါ်ဇေယျသိင်္ဂီ အမှူးပြုသော သီလရှင်ဆရာကြီးများက ကေသစ္ဆေဒန မင်္ဂလာ စုပေါင်းဆံချခြင်းကို ဆောင်ရွက်ကြပြီး သာသနာ့နွယ်ဝင်သီလရှင်အဖြစ် သာသနာ့အမွေခံ ယူကြသည်။

 

mdn

 

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များက မဟာဝိဇိတာရုံ သာသနာ့ ဝန်ဆောင်ကျောင်းတိုက် မဟာနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဥပဇ္ဈာယ်နှင့်ကာရက ဆရာတော် ၁၂ ပါးနှင့် ဒုလ္လဘရဟန်း ၄၂ ပါးတို့ကို သိမ်ဆင်းလောင်း လှူပူဇော်ကြသည်။

ယနေ့နံနက်ပိုင်းတွင် မဟာဝိဇိတာရုံ သာသနာ့ဝန်ဆောင်ကျောင်းတိုက် မဟာနာယက ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော် ၁၂ ပါးတို့က ဒုလ္လဘရဟန်းအဖြစ်ခံယူကြမည့် ရဟန်းလောင်း ၃ ပါး၊ ရှင်သာမဏေလောင်း ၁၁ ပါးတို့အား ဆံချခြင်းနှင့် ရှင်ပြုပေးခြင်း၊ ရဟန်းခံခြင်းဆိုင်ရာ ဆောင်ရွက်ဖွယ်ရာ သံဃာ့ကိစ္စများဖြစ်သည့် ဥပဇ္ဈာယ်ယူခြင်း၊ ရဟန်းလောင်းဆုံးမခြင်း၊ ဥပသမ္ပဒကမ္မဝါရွတ်ဖတ် ဥပသမ္ပဒကံဆောင်ခြင်း တို့ကို ဆောင်ရွက်ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။

ထို့နောက် အလှူတော်မင်္ဂလာတရားတော်နာ ရေစက်ချအခမ်းအနားကို မဟာဝိဇိတာရုံသာ သနာ့ဝန်ဆောင်ကျောင်းတိုက်ရှိ ဓမ္မဝိဇိတ ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်ပရိသတ်များက မဟာစည်သာသနာ့ရိပ်သာ ပဓာနနာယကဆရာတော် ကမ္မဌာနာ စရိယ ဘဒ္ဒန္တအာစိဏ္ဏထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်အား နာယူကြည်ညိုကြပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

သတင်းစဉ်