နေပြည်တော် မတ် ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက်တော်မူကြမည့် ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ ယာယီတည်း ခိုသီတင်းသုံးမည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာအား ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆွမ်းစား ဆောင်များနှင့် အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုကြသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးများ ယာယီတည်းခို သီတင်းသုံးမည့် အဆောင်များအား ပြင်ဆင်ဆောင်ရွက်ထား ရှိမှုအခြေအနေကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဆောင်အတွင်း/ အပြင် သန့်ရှင်းသာယာရေး၊ ဆရာတော် သံဃာတော်များနှင့် သီလရှင်များ စိတ်ချမ်းမြေ့စွာ သီတင်းသုံးနိုင်ရေး၊ လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရေး၊ မီးဘေးလုံခြုံရေး၊ ခြင်နှင့် ယင်များ မရှိစေရေးနှင့် အခန်းများအတွင်းရှိ အသုံးအဆောင်ပစ္စည်းများ ပြည့်စုံစွာ ဖြည့်ဆည်းဆောင်ရွက်ပေးစေရေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်