နေပြည်တော် ဩဂုတ် ၁၁
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ပျဉ်းမနား မြို့ရှောင်လမ်းကြား၊ H1လမ်းဘေးတွင် စိုက်ပျိုးထားရှိသော အပင်များ ရှင်သန်ဖြစ်ထွန်းမှုများကို ကြည့်ရှုစစ်ဆေးပြီး မြေပြုပြင်ခြင်း၊ မြက်ချုံများ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ရန်၊ ကျွဲ/ နွား တိရစ္ဆာန်များ ဖျက်ဆီးမှုမရှိစေရေး စစ်ဆေး ထိန်းသိမ်းကြရန် မှာကြားသည်။
ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် နေပြည်တော်မြို့ပတ်လမ်း (ရွှေပြည်တော် ဝင်လမ်းမှ မဟာသုခလမ်းအထိ) လမ်းလယ်ကျွန်းများ မြေပြုပြင်ခြင်း၊ အပင်များစိုက်ပျိုးခြင်းနှင့် မြက်စိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)