သာယာဝတီ ၁၇ ဧပြီ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၁/၂၀၂၀ အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အကျဉ်းဦးစီးဌာန သာယာဝတီဗဟိုအကျဉ်းထောင်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးနှင့် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများ အသီးသီး ပြောကြားခဲ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသူများအား နှစ်သိမ့်အားပေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် သာယာဝတီဗဟိုအကျဉ်းထောင်မှ အကျဉ်းသား(၆၁၄)ဦး၊အကျဉ်းသူ(၈၆) ဦး၊ စုစုပေါင်း (၇၀၀) လွတ်ငြိမ်းသက်သာခွင့် ရရှိခဲ့သဖြင့် အဆိုပါအကျဉ်းသား၊ အကျဉ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ်ပေးအပ်ပြီး နေရပ်ပြန်နိုင်ရေးအတွက် ကိုယ်အပူချိန်စစ်ဆေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို တပ်မတော်ဆေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထို့အတူ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသူများ နေရပ်ပြန်နိုင်ရေးအတွက် သာယာဝတီ ဗဟိုအကျဉ်းဦးစီးဌာန ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မီးရထားဂိတ်များ၊ မော်တော်ယာဉ်ဂိတ်များသို့ စနစ်တကျ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)