မိုးညို ၇ ဖေဖော်ဝါရီ

 

သာယာဝတီခရိုင် မိုးညိုမြို့နယ်၊ ငကျီးကျေးရွာ၊ လက်ပံခုန်ကျေးရွာတို့တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၆ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

 

5

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်း က တိုင်းပြည်တစ်ခုတွင် ပြည်တွင်းစစ်ဖြစ်နေသရွေ့ ငြိမ်းချမ်းရေးမရရှိနိုင်ဘဲ ဒေသဖွံ့ဖြိုးရေးများလည်း ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးမရရှိပါက တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်း​မာရေး စသည်တို့ နှောင့်နှေးကြန့်ကြာနေဦးမည် ဖြစ်ကြောင်း၊ ဒါကြောင့် မိမိတို့အစိုးရလက်ထက်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဦးစာပေးဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် လူမျိုးဘာသာမရွေး တန်းတူညီမျှမှု ရရှိစေရန်၊ လူတစ်ဦးချင်းစီ တန်ဖိုးထားကာ ဥပဒေအရ အကာကွယ်ပေးသည့် ဒီမိုကရေစီစနစ် ထွန်းကားပြန့်ပွားလာရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ ပုံစံ(၇)နှင့် မြေယာဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြခဲ့သည်။

 

42

 

ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။

 

ဟိန်းထက်(ပဲခူး)