ဇီးကုန်း  ၂၇  အောက်တိုဘာ 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ (U-16) မြန်မာ့ရိုးရာခြင်းလုံးဝိုင်းဖွဲ့ အမှတ်ခတ်ပြိုင်ပွဲကို အောက်တိုဘာ ၂၄ ရက် က ဇီးကုန်းမြို့နယ် မိုးလုံ လေလုံ အားကစားရုံ၌ ကျင်းပသည်။

 

ေ

 

ပြိုင်ပွဲသို့ ခရိုင်ပညာရေးမှူး ဦးတင်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ၊ မြန်မာနိုင်ငံ ရိုးရာ ခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းတင့်နှင့် ဦးလှဌေး ၊ ခြင်းဝါသနာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ေ

 

အဆိုပါပြိုင်ပွဲကို ဉီးလှဌေး(ဌေးမိသားစု)က ကူညီပံ့ပိုးခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 

မိုးတင့်ဆွေ