သာယာဝတီ ၁၀ ဇွန်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မီးသတ်ဦးစီးဌာန ခန်းမတွင် ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးက ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်လူဦးရေ တိုးပွားလာခြင်းကြောင့် အဆောက်အအုံများ ထူထပ်ခြင်း၊ အဆင့်မြင့်အဆောက်အဦများ စက်ရုံအလုပ်ရုံများ သိုလှောင်ရုံများ ခေတ်မီလူအသုံးအဆောင်များ လျှပ်စစ်ပစ္စည်းကိရိယာများ တိုးတက်ထွန်းကားလာခြင်း၊ တောတောင်ပြုန်းတီးလာပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲကာ အပူလွန်ကဲခြင်းများကြောင့် မီးဘေးအန္တရာယ် အပါအဝင် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း တောမီးလောင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်များ အပါအဝင် ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များသည် ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်လာကြောင်း၊ ယင်းကြောင့် ယခုကဲ့သို့ ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
MDN