သာယာဝတီ  နိုဝင်ဘာ ၁၀

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့အတွင်းရှိ ဒေသခံပြည်သူများအား "လူနေမှု ဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ "ပန်းခင်းစီမံချက်"ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက စံရွေးကျေးရွာ၌ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးမှူး ရုံးမှ ဒုလဝကမှူး ဒေါ်အိအိစိုးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စုတာဝန်ရှိသူများက မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများ ရရှိရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ဦးစားပေးအလိုက် စနစ်တကျ ကွင်းဆင်း၍ လိုက်လံဆောင်ရွက်ပေးလျက်ရှိ​ပြီး စံရွေးကျေးရွာအတွင်းရှိ အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက် ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို အခမဲ့ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

သန့်ဇော်(သာယာဝတီ)