သာယာဝတီ အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၁ ခုနှစ်ဆောင်းသီးနှံ သီးညှပ် စိုက်ပျိုးခြင်းအတွက် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို အင်းရွာကျေးရွာရှိ တောင်သူလယ်သမား သင်တန်းကျောင်းတွင် ယန့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးလူက အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၁-၂၀၂၂ ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် ပဲမျိုးစုံစိုက်ဧကများအတွင်း နေကြာမျိုးစေ့သီးနှံ သီးညှပ်စိုက်ပျိုးခြင်းအတွက် ရွှေနေကြာ(၂) နေကြာမျိုးစေ့အား ဧက(၂၀၀)အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးလူနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းဟိုတို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)