သာယာဝတီ အောက်တိုဘာ ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ဦးစီးမှူးရုံးမှ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများက အောက်တိုဘာ ၅ ရက် ညနေပိုင်းတွင် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာရှိ မြစ်မခမြစ်ရေ တိုက်စားမှုကြောင့် ပြိုလဲပျက်စီးနေအိမ် သုံးလုံး၊ လူ ၁၀ ဦးအတွက် အိမ်ထောင်စုတစ်စုလျှင် တစ်သိန်းကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် သုံးသိန်း၊ ဆန်ရိက္ခာ ထောက်ပံငွေ ၂၁၀၀၀ ကျပ် စုစုပေါင်း ငွေကျပ် ၃၂၁၀၀၀နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ သုံးအိမ်ထောင်စာတို့အား စံရွေးကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူ ဦးစီးဌာနမှ သိရသည်။
သန့်ဇော်(သာယာဝတီ)