သာယာဝတီ၊ ၂၀ မေ
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ရွှေသစ္စာမင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် အရှည် ၁၂၃၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မရှိ အမှတ်(၂)ကျောင်းလမ်း ကွန်ကရစ်ခင်းခြင်းအား ကုန်ကျငွေ ကျပ် ၁၁ ဒသမ ၄၄၅ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှတ်(၂)ကျောင်းလမ်း ကွန်ကရစ်ခင်းခြင်းကို ဧပြီလ တတိယပတ်က စတင်ခင်းကျင်းခြင်းဖြစ်ပြီး မေလ တတိယပတ်တွင် ၁၀၀ ရာခိုင်းနှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။
သန့်ဇော် (ပြန်/ဆက်)


