သာယာဝတီ မတ် ၂

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ (ဒုတိယ ညွှန်ကြားရေးမှူး) ဦးတင်မိုးလှိုင် ဦးစီးသော ဈေးတာဝန်ရှိ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးခင်မောင်လွင် ခေါင်းဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သာယာဝတီမြို့မဈေးနှင့် သုံးဆယ်မြို့ဈေးတို့တွင် မီးဘေးကာကွယ်နိုင်ရေးအတွက် ဈေးအတွင်း လှည့်လည်စစ်ဆေးခြင်း၊ ဈေးသူ ဈေးသားများအားစုရုံးပြီး ဆွေးနွေးပို့ချခြင်း၊ မီးသတ်ကားများဖြင့် ရေဖျန်းခြင်းနှင့် မီးသတ်ဆေးဘူးများဖြင့် သရုပ်ပြ မီးငြှိမ်းသတ်ခြင်း တို့ပြုလုပ်ပြီး မီးဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် ဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်း သိရသည်။

(မြို့နယ်စည်ပင်)