သာယာဝတီ ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ(သက်တန့်ရောင်)စီမံကိန်းဖြင့် ဆောင်ရွက်ထားသည့် ကျွန်းကုန်းကျေးရွာရှိ ကျွန်းကုန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ၄၄ ဦး၏ နွေစပါးသီးနှံစိုက်ပျိုးဧက ၂၁၁ ဧကအနက် သမဝါယမအသင်းသားတောင်သူ ဦးစောထွန်းထွန်းဦး၏ နွေစပါးသီးနှံ ရေဆင်းပေါ်ဆန်း-၂ စိုက်ပျိုးမှုအခြေအနေကို သာယာဝတီ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ သာယာဝတီမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သာယာဝတီမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


