သာယာဝတီ ဇူလိုင် ၇

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အသရော်ကျေးလက်ကျန်းမာရေးဌာန၊ ဘီးလင်းဌာနခွဲအောက်ရှိ ဘီးလင်းရွာသစ် အထက(ခွဲ)သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အ‌ခြေခံကျန်းမာရေး ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများ၏ အမြင်အာရုံစစ်ဆေးခြင်း၊ အထွေ‌ထွေကျန်းမာရေးစစ်ဆေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအကြောင်း ကျန်းမာရေး အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)