သာယာဝတီ ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်တွင် ခရိုင်အဆင့် မိုးရာသီ ဒုတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်- ပြည် ကားလမ်း မိုင်တိုင်အမှတ် (၈၀/၅ ဖာလုံ) ဂုံမင်းမြောင်ကျေးရွာ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား စိုက်ပျိုးမည့်ပျိုးပင်များ ဖြန့်ဝေပေးအပ်သည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်လာသူများက ကျွန်း၊ ကံ့ကော်၊ ခရေ၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား အပင်ပေါင်း ၅၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


