သာယာဝတီ၊ ၁၀ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်သစ်တောဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍနှစ်အတွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ပျိုးဥယျာဉ်တွင် မိုးရာသီစိုက်ပျိုးရန် ပျိုးပင်များ စိုက်ပျိုး ထားရှိကြောင်း သိရသည်။
လာမည့်မိုးရာသီကာလတွင် စိုက်ပျိုးနိုင်ရန်အတွက် ကျွန်းပင်(၂၀၀၀၀)၊ ပျဉ်းကတိုးပင် (၁၀၀၀)၊ မန်ဂျန်ရှားပင် (၂၅၀၀၀)၊ ပိတောက်ပင် (၂၀၀၀)၊ ခရေပင်(၁၅၀၀)၊ မဟော်ဂနီပင်(၅၀၀)ပင် စသည့် သစ်မျိုးပေါင်း(၆)မျိုး စုစုပေါင်း ပျိုးပင်ပေါင်း (၅၀၀၀၀) စိုက်ပျိုးထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ခရိုင်ပြန်/ဆက်


